ဟင်္သာတမြို့နယ်၌ ကျေးရွာချင်းဆက်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ကြည့်ရှုစစ်ဆေး
ထုတ်ပြန်သည့်ရက်စွဲ: 28 Jul 2025 | တည်နေရာ: ဧရာဝတီတိုင်းဒေသကြီး | ဟင်္သာတမြို့နယ်

ဟင်္သာတ ဇူလိုင် ၂၅
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ်ရှိ ပဆင - ရုံးတောစု- ဆင်မသေ-ဆင်မသေ(မ)-နင်းဂျမ်းဦးလမ်း ကွန်ကရစ်ခင်းခြင်း လုပ်ငန်းကို ဇူလိုင် ၂၄ ရက်က ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးကြသည်။
ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုး ရေးဝန်ကြီးဌာန ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ အင်ဂျင်နီယာချုပ်(မြို့ပြ) ဦးကျော်ကျော်ထွေး၊ ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ) ဦးဇော်နိုင်ဝင်းတို့က ဟင်္သာတမြို့နယ် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန တာဝန်ရှိသူများနှင့်အတူ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စု ငွေလုံးငွေရင်းရန်ပုံငွေဖြင့် Myanmar Land & Development Co.,Ltd. က ဆောင်ရွက်မည့် ပဆင - ရုံးတောစု - ဆင်မသေ-ဆင်မသေ(မ)-နင်းဂျမ်းဦးလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)