ချောင်းဆုံမြို့နယ် ရွာလွတ်-ကတောင်စိန် တောင်ဖြတ်လမ်း ဆောင်ရွက်နေမှုအခြေအနေ ကွင်းဆင်းစစ်ဆေး
ထုတ်ပြန်သည့်ရက်စွဲ: 21 Aug 2025 | တည်နေရာ: မွန်ပြည်နယ် | ချောင်းဆုံမြို့နယ်

ချောင်းဆုံ ဩဂုတ် ၂၀
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်ရှိ ကျေးလက်နေပြည်သူများ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်၍ နေ့စဉ်လူမှုဘဝဖွံ့ဖြိုးတိုးတက်လာစေရန် လမ်း၊ တံတားများ တည်ဆောက်ပေးလျက်ရှိရာ မော်လမြိုင်ခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဒေါ်နေခြည်ဦးနှင့် တာဝန်ရှိသူများက ဩဂုတ် ၁၈ ရက်က ရွာလွတ်-ကတောင်စိန် တောင်ဖြတ်လမ်း ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ကြည့်ရှုစစ်ဆေး
အဆိုပါ ကွင်းဆင်းစစ်ဆေးခြင်းကို တာဝန်ရှိသူများက၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် မော်လမြိုင်ခရိုင်အတွင်း ပြည်ထောင်စုငွေလုံးငွေ ရင်းရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ရွာလွတ်-ကတောင်စိန် တောင်ဖြတ်လမ်းအတွင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်နေမှုများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)