စစ်တွေမြို့နယ်၌ ကျေးလက်လမ်းလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး
ထုတ်ပြန်သည့်ရက်စွဲ: 21 Aug 2025 | တည်နေရာ: ရခိုင်ပြည်နယ် | စစ်တွေမြို့နယ်

စစ်တွေ ဩဂုတ် ၂၀
ရခိုင်ပြည်နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်မင်းဦးနှင့်အဖွဲ့သည် သက္ကေပြင်ကျေးရွာသွားလမ်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းဆောင်ရွက်ရန် ယနေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးကြသည်။
စစ်တွေမြို့နယ် သက္ကေပြင်ကျေးရွာသွားလမ်းကို အဆင့်မြှင့်တင်ခြင်းလုပ်ငန်းဆောင်ရွက်ရန်အတွက် စစ်တွေခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သာနို့အေးက မြေပြင်အခြေအနေကို ရှင်းလင်းတင်ပြရာ ညွှန်ကြားရေးမှူး ဦးကျော်မင်းဦးက အဆိုပါလမ်းနှင့် စပ်လျဉ်း၍ ဆောင်ရွက်ရမည့် အခြေအနေများအား မှာကြားသည်။
အဆိုပါလမ်းကို စစ်တွေခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေ ၉၀၃ ဒသမ ၉၉၃ သန်းဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)