တောင်ငူခရိုင်အတွင်းရှိ ကျေးလက်လမ်းများ ဆောင်ရွက်မှု ကွင်းဆင်းစစ်ဆေး

 ထုတ်ပြန်သည့်ရက်စွဲ: 01 Sep 2025  တည်နေရာ: ပဲခူးတိုင်းဒေသကြီး | တောင်ငူမြို့နယ်

News photo

တောင်ငူ ဩဂုတ် ၂၉

          သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်) နေပြည်တော်မှ အင်ဂျင်နီယာချုပ် ဦးထွန်းဝေသည် ပဲခူးတိုင်းဒေသကြီး ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ)၊ တောင်ငူခရိုင်လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)၊ တောင်ငူမြို့နယ် ဦးစီးအရာရှိ(မြို့ပြ)၊ လုပ်ငန်းအရည် အသွေးထိန်းသိမ်းရေးအဖွဲ့များနှင့်အတူ တောင်ငူခရိုင်အတွင်းရှိ ကျေးလက်လမ်းတံတားများ ဆောင်ရွက်နေမှုကို ဩဂုတ် ၂၆ ရက်က ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် တောင်ငူမြို့နယ်အတွင်း ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပဲခူးတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ငွေလုံးငွေရင်းအသုံးစရိတ်ရန်ပုံငွေဖြင့် တင်ဒါအောင်ကုမ္ပဏီက ဆောင်ရွက်လျက်ရှိသော ဘိုကတော်ရွာဟောင်း- မြင်းစားခွက်လမ်း ကျောက်ချောခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်ရန်နှင့် ကျေးလက်နေပြည်သူများ အဆိုပါလမ်းကို ဆောလျင်စွာ အသုံးပြု နိုင်ရေးအတွက် ဆောင်ရွက်ရန် ပြောကြားခဲ့ကြောင်း သိရသည်။

ဇော်ကိုကို(တောင်ငူ)

ဦးစီးဌာနသတင်းများသို့ ပြန်သွားရန်