ကျေးရွာချင်းဆက် ကတ္တရာလမ်းပျက်စီးနေသည့်အပိုင်းများ ပြန်လည်ပြင်ဆင်
ထုတ်ပြန်သည့်ရက်စွဲ: 22 Mar 2026 | တည်နေရာ: နေပြည်တော် | ပျဉ်းမနားမြို့နယ်
နေပြည်တော် မတ် ၂၂
နေပြည်တော်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လယ်ဝေးခရိုင် လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)သည် ယနေ့နံနက်ပိုင်းတွင် ပျဉ်းမနားမြို့နယ် နတ်သူရဲကျေးရွာအုပ်စု၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် နေပြည်တော်ကောင်စီ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သည့် နတ်သူရဲ-ပေါစံခေါ-သစ်ဆိမ့်ပင် ကျေးရွာချင်းဆက် ကတ္တရာလမ်း ပျက်စီးနေသည့်အပိုင်းများ ပြန်လည်ဆောင်ရွက်ပြီးစီးမှုကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)