မန္တလေးကားလမ်းမှ ရိုးကန်-ကန်သာ(စီးပွားရေးတက္ကသိုလ်အဝင်)လမ်း ကတ္တရာခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့် ပြီးစီး

 ထုတ်ပြန်သည့်ရက်စွဲ: 18 Mar 2026  တည်နေရာ: မန္တလေးတိုင်းဒေသကြီး | မိတ္ထီလာမြို့နယ်

News photo

မိတ္ထီလာ မတ် ၁၈

          မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ရန်ကုန်-. မန္တလေးကားလမ်းမှ ရိုးကန်၊ကန်သာ(စီးပွားရေးတက္ကသိုလ် အဝင်)လမ်း ကတ္တရာခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးပြီဖြစ်သည်။

          အဆိုပါ ရန်ကန်-မန္တလေး ကားလမ်းမှ ရိုးကန်၊ ကန်သာ(စီးပွားရေးတက္ကသိုလ်အဝင်) လမ်း ကတ္တရာခင်းခြင်းလုပ်ငန်းကို ၂ဝ၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး(ငွေလုံးငွေရင်း) ရန်ပုံငွေ ၃၁၆ ဒသမ ၈၃၈ သန်းဖြင့် မိတ္ထီလာမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ 0.87km x 3.66m x 375 mm ရှိလမ်းအား ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိရာ ၄င်းကတ္တရာခင်းခြင်းလုပ်ငန်းမှာ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

(၄၆၉)

ဦးစီးဌာနသတင်းများသို့ ပြန်သွားရန်