ဒလမြို့နယ်၌ ကျေးလက်လမ်း၊ တံတားလုပ်ငန်းဆောင်ရွက်နေမှုများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

 ထုတ်ပြန်သည့်ရက်စွဲ: 04 May 2026  တည်နေရာ: ရန်ကုန်တိုင်းဒေသကြီး | ဒလမြို့နယ်

News photo

ဒလ မေ ၂

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် အစိုးရသစ်၏ ရက်(၁၀၀) စီမံချက်ဖြင့် ကျေးလက်လမ်း၊ တံတားလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

အဆိုပါဆောင်ရွက်နေမှုကို လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)နှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး အရည်အသွေးပြည့်မီစွာဖြင့် သတ်မှတ်ကာလအတွင်း ပြီးစီးနိုင်ရေးနှင့် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။

ခင်စန္ဒာမြင့်(ပြန်/ဆက်)

ဦးစီးဌာနသတင်းများသို့ ပြန်သွားရန်