သုံးခွမြို့နယ်၌ ကျေးရွာချင်းဆက်လမ်းတည်ဆောက်နေမှုအား ကွင်းဆင်းကြည့်ရှု

 ထုတ်ပြန်သည့်ရက်စွဲ: 04 May 2026  တည်နေရာ: ရန်ကုန်တိုင်းဒေသကြီး | သုံးခွမြို့နယ်

News photo

ရန်ကုန် မေ ၂

ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် တိုင်းဒေသကြီးငွေလုံးငွေရင်းရန်ပုံငွေဖြင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီး ဌာနမှ တာဝန်ယူဆောင်ရွက်သည့် ရက်(၁၀၀) စီမံကိန်းလုပ်ငန်းဆောင်ရွက်နေမှုအား တိုင်းဒေသကြီးညွှန်ကြားရေးမှူး(မြို့ပြ)က ဧပြီ ၃၀ ရက် နံနက်ပိုင်းတွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးကြသည်။

ကျေးရွာချင်းဆက်လမ်းဖြစ်သော ပုလဲ-ရေကျော်-ကင်ပွန်းကန် ကျေးရွာချင်းဆက်လမ်းပေါ်တွင် (၀/၁ မိုင်မှ ၀/၂ မိုင်)အတွင်း၊ (၀/၅ မိုင်မှ ၀/၆ မိုင်)အတွင်း၊ (၀/၇ မိုင်မှ ၁/၀ မိုင်)အတွင်း (၅' x ' x ၂၄') Slab Culvert သုံးစင်း တည်ဆောက်ခြင်းဖြစ်ကြောင်း သိရသည်။

စည်သူလင်း(ပြန်/ဆက်)

 

ဦးစီးဌာနသတင်းများသို့ ပြန်သွားရန်