ကော့မှူးမြို့နယ်အတွင်းရှိ ကျေးလက်လမ်းလုပ်ငန်း ဆောင်ရွက်နေမှု ကွင်းဆင်းကြည့်ရှုစစ်ဆေး

 ထုတ်ပြန်သည့်ရက်စွဲ: 04 May 2026  တည်နေရာ: ရန်ကုန်တိုင်းဒေသကြီး | ကော့မှူးမြို့နယ်

News photo

ကော့မှူး မေ J

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ရက် (၁၀၀) စီမံချက်ဖြင့် ဆောင်ရွက်သည့် ကော့မှူးမြို့နယ်အတွင်းရှိ ကျေးလက်လမ်း၊ တံတားလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ) နှင့် တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းတွင် ကြည့်ရှုစစ်ဆေးသည်။

ထိုသို့စစ်ဆေးရာတွင်တာဝန်ရှိသူများက အရည်အသွေးပြည့်မီစွာဖြင့် သတ်မှတ်ကာလတွင် ပြီးစီးနိုင်ရေးနှင့် လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ကျော်သူရ (ကော့မှူး)

 

ဦးစီးဌာနသတင်းများသို့ ပြန်သွားရန်