ကျောက်တန်းမြို့နယ်၌ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်နေသည့်လုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
ထုတ်ပြန်သည့်ရက်စွဲ: 04 May 2026 | တည်နေရာ: ရန်ကုန်တိုင်းဒေသကြီး | ကျောက်တန်းမြို့နယ်
ကျောက်တန်း မေ ၃
ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်၌ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ရက် (၁၀၀) စီမံချက်ဖြင့် ဆောင်ရွက်နေသည့် လုပ်ငန်းများအား ယမန်နေ့က ကွင်းဆင်းစစ်ဆေးသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ရန်ကုန်တိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ကျောက်တန်းမြို့နယ် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်သီတာဟန်နှင့် တာဝန်ရှိသူများက ကြာကန်ကျေးရွာနှင့် ပီလခတ်ကျေးရွာချင်း ဆက်လမ်း၏ (၁/၀ မိုင် ၁/၃ မိုင်အတွင်း) Slab Culvert နှစ်စင်း တည်ဆောက်ခြင်းလုပ်ငန်းကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
သန့်ဇင်ထွန်း (ကျောက်တန်း)