ဒိုက်ဦးမြို့နယ်၌ ကျေးလက်လမ်းဆောင်ရွက်နေမှုများ ကွင်းဆင်းစစ်ဆေး

 ထုတ်ပြန်သည့်ရက်စွဲ: 01 Oct 2026  တည်နေရာ: ပဲခူးတိုင်းဒေသကြီး | ဒိုက်ဦးမြို့နယ်

News photo
News photo

ဒိုက်ဦး စက်တင်ဘာ ၃၀

            ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ တိုင်းဒေသကြီးတာဝန်ခံ အင်ဂျင်နီယာချုပ် ဦးထွန်းဝေ၊ ပဲခူးခရိုင်လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)နှင့် တာဝန်ရှိသူများသည် ဒိုက်ဦးမြို့နယ်၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီး(ငွေလုံးငွေရင်း)ဖြင့် ဆောင်ရွက်လျက်ရှိသော အေးသုခရွာအဝင်လမ်း ကတ္တရာ လမ်းထပ်ပိုးလွှာခင်းခြင်း (၀/၁.၄၂)မိုင်နှင့် ဖအောင်ဝဲ-သုံးခွ လမ်းပေါ်ရှိ ကွန်ကရစ်တံတားပေ ၈၀ (ပထမပိုင်း) တည်ဆောက်ခြင်းလုပ်ငန်းကို စက်တင်ဘာ ၂၆ ရက်က ကြည့်ရှုစစ်ဆေးခဲ့ပြီး အင်ဂျင်နီယာချုပ်က ကွန်ကရစ်တံတား ဆောင်ရွက်ရာတွင် သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးအောင် ဆောင်ရွက်ရန်နှင့် လိုအပ်သည် များ မှာကြားခဲ့ကြောင်း သိရသည်။

စိုးထက်ကျော်(ပြန်/ဆက်)

ဦးစီးဌာနသတင်းများသို့ ပြန်သွားရန်