ညောင်လေးပင်မြို့နယ်အတွင်းရှိ ကျေးလက်လမ်း၊ တံတား လုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

 ထုတ်ပြန်သည့်ရက်စွဲ: 27 Sep 2026  တည်နေရာ: ပဲခူးတိုင်းဒေသကြီး | ညောင်လေးပင်မြို့နယ်

News photo

ညောင်လေးပင် စက်တင်ဘာ ၂၆

            ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့၌ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ အင်ဂျင်နီယာချုပ် ဦးထွန်းဝေ၊ ပဲခူးခရိုင်ဦးစီးမှူးနှင့် ညောင်လေးပင် မြို့နယ် ဦးစီးမှူးတို့က ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ပြည်ထောင်စုငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ညောင်လေးပင်-ရှမ်းရွာ လမ်းပေါ်ရှိ တံတားအမှတ်(၁) ပစ္စည်း စုဆောင်းထားရှိမှုနှင့် သဘာဝဘေးဒဏ်ကြောင့် ပျက်စီးသွားသည့် ဝဲဝန်းကျောင်းစု-ဝဲဝန်းရှမ်းစုလမ်းပေါ်ရှိ ကျောင်းစု တံတားတို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)

ဦးစီးဌာနသတင်းများသို့ ပြန်သွားရန်