တောင်ငူခရိုင် ထန်းတပင်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်
ထုတ်ပြန်သည့်ရက်စွဲ: 28 Sep 2026 | တည်နေရာ: ပဲခူးတိုင်းဒေသကြီး | ထန်းတပင်မြို့နယ်
တောင်ငူ စက်တင်ဘာ ၂၇
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံရေး)၊ ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)နှင့် တာဝန်ရှိသူများသည် ထန်းတပင်မြို့နယ် အုန်းပင်ကျေးရွာ၌ ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာနှစ် ပြည်ထောင်စုငွေလုံး ငွေရင်း ရန်ပုံငွေဖြင့် အုန်းပင်ရွာအဝင်လမ်း ကျောက်ချောခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်ရန်၊ ကျေးလက်နေပြည်သူများ အဆိုပါလမ်းကို ဆောလျင်စွာအသုံးပြုနိုင်ရေး ဆောင်ရွက်ပေးရန် မှာကြားခဲ့ကြောင်း သိရသည်။
ဇော်ကိုကို (တောင်ငူ)