ကျေးရွာချင်းဆက်လမ်းပေါ်၌ Box Culvert တံတားတည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်
ထုတ်ပြန်သည့်ရက်စွဲ: 27 Sep 2026 | တည်နေရာ: ကချင်ပြည်နယ် | ဝိုင်းမော်မြို့နယ်
ဝိုင်းမော် စက်တင်ဘာ ၂၆
ကချင်ပြည်နယ် မြစ်ကြီးနားခရိုင် ဝိုင်းမော်မြို့နယ် ကျေးရွာချင်းဆက်လမ်းပေါ်၌ Box Culvert တံတားတည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်နေမှု အခြေ အနေများကို စက်တင်ဘာလ ၂၅ ရက်က ကချင်ပြည်နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ)နှင့် တာဝန်ရှိသူများ ကွင်းဆင်း စစ်ဆေးကြ သည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မခေါယန်ကျေးရွာ၊ မခေါဒီကျေးရွာ၊ လဘန်ကျေးရွာနှင့် နောင်ချိန်းကျေးရွာတို့ကိုဆက်သွယ်ထားသည့် ကျေးရွာချင်းဆက် လမ်းပေါ်၌ Box Culvert တံတား တည်ဆောက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ညွှန်ကြားရေးမှူး(မြို့ပြ)က လုပ်ငန်းဆောင်ရွက်မှုနှင့်ပတ်သက်၍ လိုအပ် သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
Box Culvert တံတားတည် ဆောက်ခြင်းလုပ်ငန်းကို ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာနှစ် ပြည်နယ်ခွင့်ပြုငွေဖြင့် ဝိုင်းမော်မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ အင်ဂျင်နီယာဝန်ထမ်းများက တာဝန်ယူ၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ အဆိုပါလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပါက ဒေသခံပြည်သူများ၏ လူမှု စီးပွားဘဝများ ပိုမိုဖွံ့ဖြိုးလာမည့်အပြင် ဒေသထွက်ကုန်များကို ဈေးကွက်သို့ ရာသီမရွေး လွယ်ကူလျင်မြန်စွာ သယ်ယူပို့ဆောင်နိုင်မည်ဖြစ်ကြောင်းသိရသည်။
ချမ်းမြေ့