ဘီးလင်းမြို့နယ်၌ ကတ္တရာလမ်းခင်းနေမှု ကွင်းဆင်းစစ်ဆေး

 ထုတ်ပြန်သည့်ရက်စွဲ: 02 Oct 2026  တည်နေရာ: မွန်ပြည်နယ် | ဘီးလင်းမြို့နယ်

News photo

ဘီးလင်း အောက်တိုဘာ ၁

မွန်ပြည်နယ် ဘီးလင်းမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ပြည်နယ်(ငွေလုံးငွေရင်း)ရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် ကျောက်ရေတွင်း - ကံနီလမ်း ကတ္တရာလမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုကို ခရိုင်/မြို့နယ် တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီအဖွဲ့ဝင်များက စက်တင်ဘာ ၃၀ ရက်တွင် ကွင်းဆင်းစစ်ဆေးသည်။

အဆိုပါ ကျေးရွာချင်းဆက်လမ်းပိုင်းကို ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ပြည်နယ်(ငွေလုံးငွေရင်း)ရန်ပုံငွေကျပ် ၂၇၇ ဒသမ ၆၀ဝ သန်းဖြင့် ဇူလိုင် ၂ ရက်မှ စတင် ဆောင်ရွက်ခဲ့ကာ လက်ရှိတွင် လုပ်ငန်းများ ၇၀ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)

ဦးစီးဌာနသတင်းများသို့ ပြန်သွားရန်