ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန
(၂) နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ တာဝန်ယူသည့်ကာလ ၁၉၉၄ ခုနှစ် ဇန်နဝါရီလ (၃၀) ရက်နေ့တွင် စည်ပင်သာယာရေးဦးစီးဌာနကိုဖွဲ့စည်း၍ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံဖြိုးတိုးတက်ရေးနှင့် စည်ပင် သာယာရေးဝန်ကြီးဌာန အောက်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့များကို ကွပ်ကဲအုပ်ချုပ်စေခဲ့သည်။
(၃) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ တာဝန်ယူသည့်ကာလ ၂၀၁၁ ခုနှစ် ဧပြီလတွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံဖြိုးတိုးတက်ရေးနှင့် စည်ပင်သာယာရေး ဝန်ကြီး ဌာနကို နယ်စပ်ရေးရာဝန်ကြီးဌာနအဖြစ် ပြင်ဆင်ဖွဲ့စည်း၍ ၂၀၁၂ ခုနှစ် ဇွန်လ (၇)ရက်နေ့တွင် စည်ပင်သာယာရေးဦးစီးဌာနကို ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းတစ်ခုတည်း ကိုသာ တစိုက်မတ်မတ် ပြောင်းလဲ လုပ်ဆောင်ခဲ့သည်။
(၄) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ တာဝန်ယူသည့်ကာလ ၂၀၁၃ ခုနှစ် မတ်လ (၉)ရက်နေ့တွင်ထုတ်ပြန် ကြေငြာခဲ့ပြီး မွေးမြူရေးနှင့် ရေလုပ်ငန်း ဝန်ကြီး ဌာနကို မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာနအဖြစ် ပြောင်းလဲပြင်ဆင်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကိုလည်း အဆိုပါ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနအောက်သို့ ပြောင်းလဲ ဖွဲ့စည်းခဲ့သည်။
(၅) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ တာဝန်ယူသည့်ကာလ ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ (၂၁) ရက်နေ့တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၁၄/၂၀၁၇) အရ ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနကို ဆောက်လုပ်ရေးဝန်ကြီးဌာနအောက်တွင် တိုးချဲ့ဖွဲ့စည်း၍ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနလက်အောက်ရှိ လမ်းနှင့် တံတားများကို ဆောက်လုပ်ရေဝန်ကြီးဌာန လက်အောက်သို့ ပြောင်းလဲတာဝန်ယူဆောင်ရွက် စေခဲ့ပါသည်။
(၆) နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူသည့်ကာလ ၂၀၂၂ ခုနှစ်၊ ဇွန်လ (၂၃) ရက်နေ့တွင် ဆောက်လုပ်ရေး ဝန်ကြီးဌာနအောက်ရှိ ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနကို သမဝါယမနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန ကြီးကြပ်မှုအောက်သို့ သွတ်သွင်းပြီးကျေးလက်လမ်း/တံတားလုပ်ငန်းများအရှိန်အဟုန်မပြက် တိုးတက်ကောင်းမွန်စေ ရေးယနေ့ချိန်အထိ ဆက်လက်ဆောင်ရွက်စေခဲ့ပါသည်။
(၂) ကျေးလက်နေပြည်သူများ၏ ပညာရေး ၊ ကျန်းမာရေး ၊ လူမှုရေးကိစ္စရပ်များအတွက် ကျေးလက်လမ်း ကွန်ယက်များ အသုံးပြု၍ အမြန်ဆုံးဆက်သွယ်သွားလာနိုင်စေရန်၊
(၃) အမျိုးသားပို့ဆောင်ရေးပင်မစီမံကိန်းအား အထောက်အကူဖြစ်စေရန်၊
(၄) ၂၀၃၀ ခုနှစ် မြန်မာနိုင်ငံရှိ ကျေးရွာများအားလုံး(၈၀%)နှင့် နိုင်ငံအတွင်းရှိ ကျေးလက်လူဦးရေ၏ (၉၀%)အပေါ် ရာသီမရွေးသွားလာနိုင်သော ကျေးလက်လမ်းများအဖြစ်အသုံးပြုနိုင်ရေး နှစ်စဉ်အဆင့်မြှင့်တင် ဆောင်ရွက်နိုင်ရန်။
(၂) ကျေးလက်လမ်းတံတားများဖွံ့ဖြိုးတိုးတက်ပြီး ရေရှည်တည်တံ့အောင် ဆောင်ရွက်ပေးခြင်းဖြင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်၊
(၃) ပြည်ထောင်စုလမ်းမကြီးနှင့်ချိတ်ဆက်သည့် ကျေးလက်လမ်း/တံတားများ၊ ခရိုင်ချင်းဆက် ကျေးလက်လမ်း/တံတား များနှင့် ကျေးရွာချင်းဆက် လမ်း/တံတားများအား မြေလမ်း/အမာခံလမ်း/ကျောက်လမ်း/ကွန်ကရစ်လမ်း/ကတ္တရာလမ်း တို့အား ရန်ပုံငွေရရှိမှုအပေါ် မူတည်၍ အဆင့်တိုးမြှင့်ဖောက်လုပ်ရန်၊
(၄) အဓိကချိတ်ဆက်သည့် လမ်းကွန်ယက်စနစ် (Core Rural Road Network, CRRN) တွင်ပါဝင်သော အကျိုးပြု လူဦးရေ၊ ကျေးရွာ၊ စီးပွားရေး၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု၊ နေ့စဉ်ယာဉ်သွားလာမှု၊ ဆင်းရဲမှုရာခိုင်နှုန်း၊ ဈေး၊ ရွာ၊ ကျောင်း၊ ဆေးပေးခန်းစသည့် အကျိုးပြုမှု၊ အိမ်ထောင်စုတစ်ခုအပေါ် ရင်းနှီးမြှုပ်နှံမှု၊ ရွှေ့ပြောင်း နေထိုင်ရန်လိုအပ်မှု စသည့်အချက်များကို ခြုံငုံသုံးသပ်၍ ရာသီမရွေးသွားလာနိုင်သော လမ်းများအဖြစ်သို့ ရောက်ရှိရေး တိုးမြှင့် ဆောင်ရွက်ရန်၊
(၅) Quality Assurance & Quality Control (Q/A & Q/C) လုပ်ငန်းများ စနစ် တကျစစ်ဆေးဆောင်ရွက်ခြင်းဖြင့် အရည်အသွေးပြည့်မီသော လုပ်ငန်းဖြစ်ပေါ်ရေးအတွက် ဆောင်ရွက်ခြင်း၊
(၆) လမ်းပန်းဆက်သွယ်မှုမပြတ်တောက်စေရေးဦးစားပေးဆောင်ရွက်ခြင်း၊
(၇) လုပ်ငန်းများအား Open Tender စနစ်ဖြင့်ဆောင်ရွက်ခြင်း၊ ချမှတ်ထားသော Procurement guide-line များနှင့်အညီဆောင်ရွက်ခြင်း၊
(၈) ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်ရန်လိုအပ်သည့် ကျေးလက် လမ်း/တံတားလုပ်ငန်း များတွင် တင်ဒါလုပ်ငန်းဖြင့် ဆောင်ရွက်နိုင်ခြင်းမရှိသည့်လုပ်ငန်းများ (ဥပမာ-ဝေးလံသော ဒေသများ)ကို တည်ဆောက်အကောင်အထည်ဖော်ခြင်း၊
(၉) တိုင်းဒေသကြီး/ပြည်နယ် ရန်ပုံငွေဖြင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနသို့ အပ်နှံသော လမ်း/တံတား လုပ်ငန်းများ အား တည်ဆောက်အကောင်အထည်ဖော်ခြင်း၊
(၁၀) နိုင်ငံတော်၏ အရေးပေါ်လိုအပ်ချက်အရ သီးသန့်ရန်ပုံငွေဖြင့် တည်ဆောက်ရန်လိုအပ်သော ကျေးလက်လမ်း/တံတား လုပ်ငန်းများ တည်ဆောက်အကောင်အထည်ဖော်ခြင်း၊
(၁၁) တည်ဆောက်သည့် ကျေးလက်လမ်း/တံတားများအား လျာထားချက်အတိုင်း ဆောင်ရွက်မှု ရှိ/မရှိ၊ အရည်အသွေး ပြည့်ဝမှုရှိ/မရှိ (Q/A, Q/C) လုပ်ငန်းများဆောင်ရွက်ခြင်း၊ (Monitoring and Evaluation) စောင့်ကြည့်စစ်ဆေး အကဲဖြတ်ခြင်း၊
(၁၂) တစ်နိုင်ငံလုံးရှိ ကျေးလက်လမ်းသစ်များ၊ လမ်းဟောင်းများ၊ တံတားချဉ်းကပ်လမ်းများ အတွက် ကွန်တိုပုံစံထုတ်ခြင်း လုပ်ငန်းများ မြေပုံများအားမြေတိုင်းတာခြင်း Geometric Design ဆောင်ရွက်ခြင်း၊
(၁၃) လမ်းတံတားလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ခန့်မှန်းကုန်ကျငွေများအား ပြည်ထောင်စုဘတ်ဂျက် ရန်ပုံငွေ၊ တိုင်းဒေသကြီး/ပြည်နယ် ဘတ်ဂျက်ရန်ပုံငွေ တို့ဖြင့် ဦးစားပေးကဏ္ဍအလိုက် စီစဉ်ဆောင်ရွက်ခြင်း၊
(၁၄) နိုင်ငံတကာစံချိန်စံညွှန်း (Standard Specification) များ၊ Rules & Regulations များရေးဆွဲ ပြဌာန်းခြင်း၊ လမ်းအူကြောင်းနှင့် လမ်းလွှာဒီဇိုင်းများပုံစံထုတ်ခြင်း၊
(၁၅) ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနသည် ပြည်ထောင်စုအစိုးရမှစီမံခန့်ခွဲသော ကျေးလက်လမ်းပေါ်ရှိ လမ်းလုပ်ငန်းများအား နှစ်အလိုက်စီမံကိန်းများရေးဆွဲခြင်း၊ နှစ်အလိုက်ရင်းနှီးမြှုပ်နှံမှု အစီအစဉ်ပြုလုပ်၍ ငွေလုံးငွေရင်းရန်ပုံငွေများ လျာထားဆောင်ရွက်ခြင်း၊ ပြင်ဆင်ထိန်းသိမ်း ရေးရန်ပုံငွေများ လျာထားဆောင်ရွက်ခြင်း၊
(၁၆) နိုင်ငံအတွင်းရှိ ကျေးလက်လမ်းမိုင်စာရင်းများ နှစ်စဉ်ပြုစုပေးခြင်း၊
(၁၇) ကျေးလက်လမ်းတည်ဆောက်ရေးလုပ်ငန်းနှင့် ပြင်ဆင်ထိန်းသိမ်းရေးလုပ်ငန်းများအား တင်ဒါစနစ်ဖြင့် ပုတ်ပြတ်လုပ်ငန်းများ ဆောင်ရွက်စေခြင်း၊ ဆောင်ရွက်သည့်လုပ်ငန်းများတွင် တည်ဆောက်ရေး ပစ္စည်းဝယ်ယူဖြန့်ဖြူးရေးများကိုလည်း Open Tender ပီပီပြင်ပြင် အကောင်အထည်ဖော်ဆောင်ရွက်ပေးခြင်း၊
(၁၈) ကျေးလက် လမ်း/တံတားများ စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေး၊ ကျေးလက်ထုတ်ကုန်များ ကုန်ကျ စရိတ်သက်သာစွာဖြင့် ဈေးကွက်သို့ အမြန်ဆုံးရောက်ရှိစေရန် ၊ကျေးလက်နေပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး ၊ လူမှုရေးကိစ္စရပ်များ အတွက် ကျေးလက်လမ်းကွန်ယက်များအသုံးပြု၍ အမြန်ဆုံးဆက်သွယ်သွားလာနိုင်စေရန်၊ (၁၉) အမျိုးသားပို့ဆောင်ရေးပင်မစီမံကိန်းအား အထောက်အကူဖြစ်စေရန်၊
(၂၀) ၂၀၃၀ ခုနှစ် မြန်မာနိုင်ငံရှိ ကျေးရွာများအားလုံး(၈၀%)နှင့် နိုင်ငံအတွင်းရှိ ကျေးလက် လူဦးရေ၏ (၉၀%)အပေါ် ရာသီမရွေးသွားလာနိုင်သော ကျေးလက်လမ်းများအဖြစ် အသုံးပြုနိုင်ရန် နှစ်စဉ်အဆင့်မြှင့်တင် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
(၂) ကျေးလက်နေပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကိစ္စရပ်များအတွက် ကျေးလက်လမ်း ကွန်ယက်များ အသုံးပြု၍ အမြန်ဆုံဆက်သွယ်သွားလာနိုင်ရေး၊
(၃) အမျိုးသားပင်ပို့ဆောင်ရေး ပင်မစီမံကိန်းအား အထောက်အကူဖြစ်စေရေး၊
(၄) ၂၀၃၀ ခုနှစ်တွင် မြန်မာနိုင်ငံရှိ ကျေးရွာများအားလုံး၏ (၈၀%)နှင့် နိုင်ငံတွင်းရှိ ကျေးလက် လူဦးရေ၏ (၉၀%)အပေါ် ရာသီမရွေးသွားလာနိုင်သော ကျေးလက်လမ်းများအဖြစ် အသုံးပြုနိုင်ရန် နှစ်စဉ်အဆင့်မြှင့်တင်ဆောင်ရွက်ရေး၊
(၂) ကျေးလက်လမ်းကွန်ယက်ဖြင့် ဆက်သွယ်ပေးနိုင်ခြင်းမရှိသေးသည့် ကျေးရွာများအတွက် ရာသီ မရွေးသွားလာနိုင်သော လမ်းများ အသစ်ဖောက်လုပ်ပေးမည်၊
(၃) ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခက်အခဲမရှိစေရန် ကျေးလက် တံတားများအား ရာသီမရွေးသွားလာနိုင်သည့် တံတားများအဖြစ် အဆင့်မြှင့်တင်တည်ဆောက်သွားမည်၊
(၄) ကျေးလက်လမ်းဖွံ့ဖြိုးရေး မဟာဗျူဟာတွင်ပါရှိသည့် အဓိကကျေးရွာချင်းဆက် လမ်းကွန်ယက် Core Rural Road Network (CRRN) ရွေးချယ်ဖော်ထုတ်ခြင်း လုပ်ငန်းစဉ်အား သက်ဆိုင်ရာ ပြည်နယ်/ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဒေသခံပြည်သူများနှင့် ပူးပေါင်းဆွေးနွေး ညှိနှိုင်းဆောင်ရွက်သွားမည်၊
(၅) မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (MSDP) နှင့် အညီ ကျေးလက်ဒေသလမ်း/တံတားများ အဆင့်မြှင့်တင်ဆောင်ရွက်သွားမည်၊
(၆) MSDP နှင့် အညီ မြန်မာနိုင်ငံ တိုင်းဒေသကြီး/ ပြည်နယ်များအတွင်းရှိ နောက်ကျ ကျန်နေသော ဒေသများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရေး မြှင့်တင်ပေးနိုင်ရန်အတွက် အထောက်အပံ့ ဖြစ်စေသည့် ကျေးလက်လမ်း/ တံတားများအား နှစ်စဉ်အဆင့်မြှင့်တင်ဆောင်ရွက်သွားမည်၊
(၇) ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးမှုလျော့ချရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတော်၏ GDP တိုးတက်မှုကို အဓိက အထောက်အပံ့ဖြစ်စေနိုင်သည့် နယ်စပ်ကုန်သွယ်မှုများတွင် အဓိက ကျသော ကျေးလက်ထုတ်ကုန်များ ဈေးကွက်သို့ ဈေးနှုန်းသက်သာစွာဖြင့် အမြန်ဆုံးအချိန်မီ ရောက်ရှိနိုင်ရေးတို့အတွက် ကျေးလက်ဒေသ လမ်းများအား ရာသီမရွေးသွားလာနိုင်သည့် လမ်းများအဖြစ် အဆင့်တိုးမြှင့်ဆောင်ရွက်သွားမည်၊
(၈) နိုင်ငံတော်၏ စီးပွားရေးမူဝါဒတွင်ပါဝင်သော အခြေခံစီးပွားရေး အဆောက်အအုံများ လျင်မြန်စွာ တိုးတက်လာစေရေး အတွက်ကျေးလက်လမ်း/တံတားများ ရေရှည်တည်တံ့ခိုင်မြဲစေရေး၊ အဆင့်မြှင့်တင်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများအလေးထားဆောင်ရွက်သွားမည်၊
(၉) ကျေးလက်လမ်းများ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် လက်ရှိ လမ်းအရှည်အား အကြီးစား ပြင်ဆင်ထိန်းသိမ်းခြင်းနှင့် ပုံမှန်ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများဆောင်ရွက်သွားမည်၊
(၁၀) ဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့အစည်းများဖြစ်သော နိုင်ငံတကာအဖွဲ့အစည်းများ၏ ချေးငွေ၊ ထောက်ပံ့ငွေတို့ဖြင့် ကျေးလက်လမ်း/တံတားများ အဆင့်မြှင့်တင်ဆောင်ရွက်ခြင်း၊ ပြန်လည် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် နည်းပညာမြှင့်တင်ရေး သုတေသနလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်သွားမည်၊
အမည်နှင့်အဓိပ္ပာယ်ဖော်ပြချက်
၁။ ဤဥပဒေကို ကျေးလက်လမ်းဖွံ့ဖြိုးရေးဥပဒေဟု ခေါ်တွင်စေရမည်။
၂။ ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ် သက်ရောက် စေရမည် -
(က) နိုင်ငံတော်ဆိုသည်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကို ဆိုသည်။
( ခ ) အစိုးရအဖွဲ့ဆိုသည်မှာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရ အဖွဲ့ကို ဆိုသည်။
( ဂ ) ဝန်ကြီးဌာနဆိုသည်မှာ ဤဥပဒေပါ ကိစ္စရပ်များကို အကောင်အထည်ဖော် ဆောင်ရွက် သည့် ဝန်ကြီးဌာနကို ဆိုသည်။
(ဃ) ဦးစီးဌာနဆိုသည်မှာ ဤဥပဒေပါ ကိစ္စရပ်များကို အကောင်အထည်ဖော်ဆောင်ရွက် နေသည့် ဝန်ကြီးဌာနက တာဝန်ပေးအပ်သော ဦးစီးဌာနကိုဆိုသည်။
( င ) ကျေးလက်လမ်းဆိုသည်မှာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တာဝန်ယူဆောင်ရွက်သော ကုန် ထုတ်လမ်းနှင့် တံတားများမှအပ ကျေးရွာချင်းသော်လည်းကောင်း၊ ကျေးရွာနှင့် မြို့သော်လည်းကောင်း၊ ကျေးရွာနှင့်လမ်းမကြီးသော်လည်းကောင်း ဆက်သွယ်ရန် အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ဖောက်လုပ်ထားပြီး ဝန်ကြီးဌာနက ကျေးလက် လမ်းအဖြစ် အမိန့်ကြော်ငြာစာထုတ်ပြန်သတ်မှတ်ထားသည့် လမ်းကို ဆိုသည်။ ယင်းစကားရပ်တွင် လမ်း၏ တစ်ဖက်တစ်ချက်စီရှိ လမ်းနယ်နိမိတ်များနှင့် ယင်းလမ်း တွင်ရှိသော တံတားများလည်း ပါဝင်သည်။
( စ ) ကျေးလက်လမ်းလုပ်ငန်းဆိုသည်မှာ ကျေးလက်လမ်းကို ဖောက်လုပ်ခြင်း၊ တိုးချဲ့ခြင်း၊ အဆင့်မြှင့်တင်ခြင်း၊ ပြုပြင်ခြင်း သို့မဟုတ် ထိန်းသိမ်းခြင်း ဆောင်ရွက်သည့် လုပ်ငန်းကို ဆိုသည်။
(ဆ) ကျေးလက်လမ်းစီမံကိန်းဆိုသည်မှာ ကျေးလက်လမ်းလုပ်ငန်းများ ဆောင်ရွက်ရန် အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ရေးဆွဲထားသော နှစ်တို သို့မဟုတ် နှစ်ရှည် စီမံကိန်းကို ဆိုသည်။
( ဇ ) လှည်းဆိုသည်မှာ လူဖြင့်ဖြစ်စေ၊ တိရစ္ဆာန်ဖြင့်ဖြစ်စေ ဆွဲခြင်း၊ တွန်းခြင်း သို့မဟုတ် တွဲခြင်းဖြင့် ရွေ့လျားစေသော ဘီးတပ်လှည်း တစ်မျိုးမျိုးကို ဆိုသည်။
( ဈ ) လမ်းနယ်နိမိတ်ဆိုသည်မှာ ကျေးလက်လမ်းအဆင့်အတန်းအလိုက် ဝန်ကြီးဌာနက အမိန့်ကြော်ငြာစာ ထုတ်ပြန်သတ်မှတ်ထားသော ကျေးလက်လမ်းအကျယ်ကို ဆိုသည်။
အခန်း( ၂ )
ရည်ရွယ်ချက်များ
၃။ ဤဥပဒေ၏ ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည် -
(က) နိုင်ငံတော်အတွင်း ကျေးလက်ဒေသများ လမ်းပန်းဆက်သွယ်မှု ကောင်းမွန်လွယ်ကူ စေပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊
( ခ ) ကျေးလက်ဒေသနေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကျေးလက်လမ်းများ ဖွံ့ဖြိုးတိုးတက်ပြီး ရေရှည်တည်တံ့စေရန်၊
( ဂ ) ကျေးလက်ဒေသဖွံ့ဖြိုးရေးအခြေခံမူများနှင့်အညီ ကျေးလက်လမ်းများ ဖွံ့ဖြိုး တိုးတက်ကောင်းမွန်လာစေရေးအတွက် မဟာဗျူဟာချမှတ် အကောင်အထည်ဖော် ဆောင်ရွက်ရန်၊
(ဃ) ကျေးလက်လမ်းလုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်နိုင်ရန်၊
( င ) ကျေးလက်လမ်းအသုံးပြုခြင်းနှင့် စပ်လျဉ်း၍ စနစ်တကျ ကြီးကြပ်ကွပ်ကဲနိုင်ရန်၊
( စ ) သဘာဝဘေးအန္တရာယ်ကျရောက်ချိန်များတွင် ဘေးအန္တရာယ်ကြောင့် လမ်းပန်း ဆက်သွယ်မှု မပြတ်တောက်စေရေး ဆောင်ရွက်ပေးရန် ၊
(ဆ) ကျေးလက်လမ်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်း များ၊ ပုဂ္ဂလိကကဏ္ဍများနှင့် ပူးပေါင်းဆောင်ရွက်ရန်။
အခန်း( ၃ )
ဝန်ကြီးဌာန၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ
၄။ ဝန်ကြီးဌာန၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်းဖြစ်သည် -
(က) ကျေးလက်လမ်းဖွံ့ဖြိုးတိုးတက်ရေးမူဝါဒများကို အစိုးရအဖွဲ့၏ သဘောတူညီချက် ဖြင့် ချမှတ်ခြင်း၊
( ခ ) ကျေးလက်လမ်းစီမံကိန်းများကို အစိုးရအဖွဲ့၏သဘောတူညီချက်ဖြင့် ရေးဆွဲ ချမှတ် ခြင်း၊
( ဂ ) ကျေးလက်လမ်းစီမံကိန်းများ သတ်မှတ်ကာလအတွင်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ကြီးကြပ်ခြင်း၊
(ဃ) အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ကျေးလက်လမ်းသစ်များ ဖောက်လုပ်ခြင်း၊ ကျေးလက်လမ်းမြေနှင့် လမ်းနယ်နိမိတ်တိုးချဲ့ခြင်း၊ ဝန်ကြီးဌာနက စီမံခန့်ခွဲသော ကျေးလက်လမ်းများအဖြစ် သတ်မှတ်ကြေညာခြင်း၊
( င ) ကျေးလက်လမ်းများ၏ အဆင့်အတန်းနှင့် လမ်းနယ်နိမိတ် သတ်မှတ်ကြေညာခြင်း၊
( စ ) ကျေးလက်လမ်းလုပ်ငန်းများနှင့်စပ်လျဉ်း၍ လမ်းညွှန်ခြင်း၊ ကြီးကြပ်ခြင်းနှင့် လိုအပ်ပါက သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်း ပေးခြင်း၊
(ဆ) သဘာဝဘေးအန္တရာယ်ကြောင့် ကျေးလက်လမ်းများ ဆက်သွယ်မှုမပြတ်တောက် စေရေး လမ်းညွှန်ခြင်းနှင့် ကြီးကြပ်ခြင်း၊
( ဇ ) ကျေးလက်လမ်းလုပ်ငန်းအတွက် တည်ဆဲဥပဒေများနှင့်အညီ လိုအပ်သည့် မြေသိမ်း ယူခြင်းနှင့် အဆောက်အဦ ဖယ်ရှားခြင်းများကို ဆောင်ရွက်ခြင်း၊
( ဈ ) အစိုးရအဖွဲ့က အခါအားလျော်စွာ ပေးအပ်သော ကျေးလက်လမ်းဆိုင်ရာ လုပ်ငန်း တာဝန်များကို ဆောင်ရွက်ခြင်း။
အခန်း( ၄ )
ဦးစီးဌာန၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ
၅။ ဦးစီးဌာန၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်းဖြစ်သည် -
(က) ဝန်ကြီးဌာနက ချမှတ်ထားသော ကျေးလက်လမ်းစီမံကိန်းများကို ကျေးလက်လမ်း ဖွံ့ဖြိုးတိုးတက်ရေးမူဝါဒများနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊
( ခ ) ကျေးလက်လမ်းလုပ်ငန်းကို ဝန်ကြီးဌာန၏ခွင့်ပြုချက်နှင့် သက်ဆိုင်ရာတိုင်းဒေသ ကြီး သို့မဟုတ် ပြည်နယ် အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ဆောင်ရွက်ခြင်း၊
( ဂ ) ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့်ဖြစ်စေ၊ သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့်ဖြစ်စေ၊ ပုဂ္ဂလိကများ၏အကူအညီနှင့် ဒေသခံပြည်သူ လူထုထည့်ဝင်ငွေများ ပါဝင်ပူးပေါင်းဆောင်ရွက်မှုဖြင့်ဖြစ်စေ ကျေးလက်လမ်းလုပ်ငန်း ကို ဆောင်ရွက်ခြင်း၊
(ဃ) ကျေးလက်လမ်းစီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ ကြီးကြပ် ကွပ်ကဲခြင်းနှင့် အရည်အသွေးထိန်းသိမ်းခြင်း၊
( င ) ကျေးလက်လမ်းနယ်နိမိတ်ကို စီမံခန့်ခွဲခြင်း၊
( စ ) ကျေးလက်လမ်းများ ရေရှည်တည်တံ့စေရန် စံချိန်စံညွှန်းများ သတ်မှတ်ခြင်း၊ ကောင်းမွန်သော ဒီဇိုင်းပုံစံရေးဆွဲခြင်းနှင့် စောင့်ကြည့်အကဲဖြတ်စစ်ဆေးခြင်း၊
( ဆ ) ကျေးလက်လမ်းများ၏ အရေးပါမှု၊ လမ်းဆက်သွယ်မှုနှင့် လမ်းကွန်ရက်အပေါ် မူတည်၍ လမ်းအဆင့်အတန်းသတ်မှတ်ချက်နှင့်အညီ အကောင်အထည်ဖော်ဆောင် ရွက်ခြင်း၊
( ဇ ) ကျေးလက်လမ်း လုပ်ငန်းများဆောင်ရွက်ရန် ယာယီလမ်းပိတ်ထားခြင်းအတွက် လမ်းလွှဲဖောက်လုပ်ပေးခြင်း၊
(ဈ) ကျေးလက်လမ်းများပေါ်တွင် မောင်းနှင်သွားလာခွင့်မပြုသည့် ယာဉ်၊ ဘီးအမျိုးအစား နှင့် ဝန်တင်အလေးချိန်တို့ကို ထုတ်ပြန်သတ်မှတ်ခြင်းနှင့် ယင်းသတ်မှတ်ချက်များကို လိုက်နာခြင်း ရှိ မရှိ စစ်ဆေးခြင်း၊ ကြီးကြပ်ခြင်းနှင့် အရေးယူခြင်း၊
( ည ) ကျေးလက်လမ်းများပေါ်တွင် လှည်း သို့မဟုတ် တိရစ္ဆာန်များ ဖြတ်သန်းသွားလာခြင်း သို့မဟုတ် ရပ်နားခြင်းဆိုင်ရာ စည်းကမ်းချက်များ ထုတ်ပြန်သတ်မှတ်ခြင်း၊ ယင်းစည်းကမ်းချက်များကို လိုက်နာခြင်း ရှိ မရှိ စစ်ဆေးခြင်း၊ ကြီးကြပ်ခြင်းနှင့် အရေးယူခြင်း၊
( ဋ) ကျေးလက်လမ်းများ ပျက်စီးခြင်းမှ ကာကွယ်ရန် လိုအပ်သည့် တားမြစ်ချက်များ ထုတ်ပြန်သတ်မှတ်ခြင်း၊ ယင်းတားမြစ်ချက်များကို လိုက်နာခြင်း ရှိ မရှိ စစ်ဆေးခြင်း၊ ကြီးကြပ်ခြင်းနှင့် အရေးယူခြင်း၊
( ဌ ) ကျေးလက်လမ်းနယ်နိမိတ်အတွင်းဖြစ်စေ၊ ကျေးလက်လမ်းကိုဖြတ်သန်း၍ဖြစ်စေ တစ်စုံတစ်ရာ ဖောက်လုပ်ခြင်း သို့မဟုတ် ဆောက်လုပ်ခြင်းများကို စိစစ်၍ ခွင့်ပြုခြင်း သို့မဟုတ် တားမြစ်ပိတ်ပင်ခြင်း၊
( ဍ ) ကျေးလက်လမ်းလုပ်ငန်းများနှင့် စပ်လျဉ်း၍ ကျေးလက်ဒေသနေ ပြည်သူများကို ရှင်းလင်းဆွေးနွေးခြင်းနှင့် ၎င်းတို့၏ အကြံဉာဏ်များရယူခြင်း၊
( ဎ) ကျေးလက်ဒေသနေပြည်သူများက တင်ပြလာသော ကျေးလက်လမ်းလုပ်ငန်းများကို ကျေးလက်လမ်းဖွံ့ဖြိုးတိုးတက်ရေးမူဝါဒများနှင့်အညီ ဆောင်ရွက်ပေးခြင်း၊
(ဏ) သဘာဝဘေးအန္တရာယ်ကြောင့် ကျေးလက်လမ်းများ ဆက်သွယ်မှု မပြတ်တောက် စေရေး စီမံဆောင်ရွက်ခြင်း၊
(တ) ဝန်ကြီးဌာနက အခါအားလျော်စွာ ပေးအပ်သော ကျေးလက်လမ်းဆိုင်ရာ လုပ်ငန်းများ အား ဆောင်ရွက်ခြင်း။
၆။ ဦးစီးဌာနသည် ကျေးလက်လမ်းလုပ်ငန်းများကို ဝန်ကြီးဌာန၏ ခွင့်ပြုချက်နှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့တို့၏ သဘောတူညီချက်ဖြင့် အောက်ပါအတိုင်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်သည် -
(က) မိမိကိုယ်တိုင်ဆောင်ရွက်ခြင်း၊
( ခ ) သတ်မှတ်ချက်များနှင့်အညီ တင်ဒါစနစ်ဖြင့် ဆောင်ရွက်ခြင်း၊
(ဂ) သတ်မှတ်ချက်များနှင့်အညီ သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများသို့ လုပ်ငန်းအပ်နှံဆောင်ရွက်ခြင်း။
အခန်း( ၅ )
ကျေးလက်ဒေသ နေပြည်သူများ၏ တာဝန်နှင့် ရပိုင်ခွင့်များ
၇။ ကျေးလက်ဒေသနေပြည်သူများ၏ တာ၀န်များမှာ အောက်ပါအတိုင်းဖြစ်သည် -
(က) ကျေးလက်လမ်းများကို ထိန်းသိမ်းစောင့်ရှောက်ရန်၊
( ခ ) ကျေးလက်လမ်းလုပ်ငန်းများနှင့်ဆိုင်သော နည်းပညာဖြန့်ဝေခြင်း လုပ်ငန်းများတွင် ပူးပေါင်းပါ၀င်ဆောင်ရွက်ရန်၊
( ဂ ) ကျေးလက်လမ်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျေးလက်ဒေသနေပြည်သူများ အကြား စည်းလုံးမှုကို ပျက်ပြားစေမည့်ကိစ္စများ ပေါ်ပေါက်လာပါက ဦးစီးဌာန၏ လမ်းညွှန်ချက်ဖြင့် ဖြေရှင်းဆောင်ရွက်ရန်။
၈။ ကျေးလက်ဒေသနေပြည်သူများ၏ ရပိုင်ခွင့်များမှာ အောက်ပါအတိုင်းဖြစ်သည် -
(က) ကျေးလက်လမ်းစီမံကိန်းများ ရေးဆွဲရာတွင် ဆွေးနွေးအကြံပြုခြင်း၊
( ခ ) ကျေးလက်လမ်းလုပ်ငန်းများကို ဆောင်ရွက်ပေးရန် သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများသို့ တင်ပြခြင်း၊
( ဂ ) ကျေးလက်လမ်းလုပ်ငန်းများကို ကြည့်ရှုလေ့လာခြင်း၊ သတင်းအချက်အလက်များ တောင်းခံရယူခြင်း နှင့် လွတ်လပ်စွာ ဆွေးနွေးအကြံပြုခြင်း၊
(ဃ) ဝန်ကြီးဌာန၏ အစီအစဉ်ဖြင့် ပြည်တွင်းပြည်ပ ကျေးလက်လမ်းဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို သွားရောက်လေ့လာခြင်း။
အခန်း(၆)
ကျေးလက်လမ်းလုပ်ငန်းများဆောင်ရွက်ခြင်း
၉။ ဦးစီးဌာနသည် ကျေးလက်လမ်းသစ်များ ဖောက်လုပ်ခြင်း သို့မဟုတ် ကျေးလက် လမ်းမြေ နယ်နိမိတ်တိုးချဲ့ခြင်းလုပ်ငန်းများအတွက် အမှန်တကယ် လိုအပ်သောမြေနေရာကို ရရှိနိုင်ရန် သတ်မှတ်ချက်များနှင့်အညီ ဝန်ကြီးဌာနသို့ တင်ပြရမည်။
၁၀။ ဦးစီးဌာနသည် ဖောက်လုပ်ပြီး ကျေးလက်လမ်းများ ရေရှည်တည်တံ့စေရေးအတွက် ပြုပြင်ခြင်းနှင့် ထိန်းသိမ်းခြင်းလုပ်ငန်းများကိုလည်းကောင်း၊ ဖောက်လုပ်ဆဲ ကျေးလက်လမ်းများ အရည်အသွေးပြည့်မီစေရေးအတွက် စစ်ဆေးခြင်းလုပ်ငန်းများကိုလည်းကောင်း သတ်မှတ်ချက်များ နှင့်အညီ မဟာဗျူဟာရေးဆွဲချမှတ် ဆောင်ရွက်နိုင်သည်။
၁၁။ ဝန်ကြီးဌာနသည် ကျေးလက်လမ်းသစ်များဖောက်လုပ်ခြင်း သို့မဟုတ် ကျေးလက်လမ်း မြေတိုးချဲ့ခြင်း လုပ်ငန်းများအတွက် အနည်းဆုံးလိုအပ်သည့် မြေပမာဏကို ရရှိနိုင်ရန် အောက်ပါ အတိုင်း ဆောင်ရွက်နိုင်သည် -
(က) မြေပိုင်ဆိုင်သူ သို့မဟုတ် လုပ်ပိုင်ခွင့်ရှိသူက ကျေးလက်လမ်းအတွက် လှူဒါန်းသည့် မြေနေရာကိုလက်ခံရယူခြင်း၊
( ခ ) မြေသိမ်းယူခြင်းနှင့် အဆောက်အဦ ဖယ်ရှားခြင်းတို့ကို တည်ဆဲဥပဒေများနှင့်အညီ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ခြင်း။
အခန်း ( ၇ )
ပြစ်မှုနှင့်ပြစ်ဒဏ်များ
၁၂။ မည်သူမဆို ဦးစီးဌာန၏ ခွင့်ပြုချက်မရှိဘဲ အောက်ပါပြုလုပ်မှု တစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို သုံးနှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ကျပ် ငါးသောင်း မှ အများဆုံး ကျပ် တစ်သိန်း အထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည့်အပြင် ကျေးလက်လမ်းပျက်စီးဆုံးရှုံးမှုရှိပါက ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို ပေးလျော်စေရမည် -
(က) ကျေးလက်လမ်းကို ဖြတ်သန်း၍ တစ်စုံတစ်ရာဖောက်လုပ်ခြင်း သို့မဟုတ် ဆောက် လုပ်ခြင်း၊
( ခ ) ကျေးလက်လမ်း ပျက်စီးစေရန် တစ်နည်းနည်းဖြင့် ဆောင်ရွက်ခြင်း။
၁၃။ မည်သူမဆို -
(က) ဦးစီးဌာန၏ ခွင့်ပြုချက်မရှိဘဲ လမ်းနယ်နိမိတ်အတွင်း အဆောက်အဦ ဆောက်လုပ် ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံးကျပ် တစ်သိန်းမှ အများဆုံး ကျပ်ငါးသိန်းအထိ ငွေဒဏ်ချမှတ်ရမည့်အပြင် ယင်းအဆောက် အဦအားလည်း ဆောက်လုပ်သူ၏ စရိတ်ဖြင့် ချက်ချင်း ဖယ်ရှားစေရမည်။
( ခ ) ပုဒ်မခွဲ (က) ပါ ပြစ်မှုကို ထပ်မံကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး ခြောက်လမှ အများဆုံး တစ်နှစ်အထိထောင်ဒဏ် ချမှတ်ရမည့် အပြင် အနည်းဆုံးကျပ် တစ်သိန်း မှ အများဆုံး ကျပ် တစ်ဆယ်သိန်း အထိ ငွေဒဏ် ချမှတ်ရမည်။
၁၄။ မည်သူမဆို အောက်ပါပြုလုပ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရ လျှင် ထိုသူကို ခြောက်လအထိ ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံးကျပ် ငါးသောင်း မှ အများဆုံး ကျပ် ငါးသိန်းအထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည့်အပြင် ကျေးလက်လမ်း ပျက်စီး ဆုံးရှုံးမှုရှိပါက ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို ပေးလျော်စေရမည် -
(က) ကျေးလက်လမ်းလုပ်ငန်းကို နှောင့်ယှက်ခြင်း သို့မဟုတ် ဟန့်တားခြင်း၊
( ခ ) ကျေးလက်လမ်းပေါ်တွင် ဦးစီးဌာနက သတ်မှတ်ထားသော မောင်းနှင်သွားလာခွင့် မပြုသည့် ယာဉ်၊ ဘီးအမျိုးအစား သို့မဟုတ် ဝန်တင်အလေးချိန်ပါ ယာဉ်ကို မောင်းနှင်ခြင်း၊
( ဂ ) လမ်းနယ်နိမိတ်အတွင်း ဦးစီးဌာန၏ ခွင့်ပြုချက် မရှိဘဲ သစ်ပင်ကို ခုတ်လှဲခြင်း သို့မဟုတ် ဖျက်စီးခြင်း၊
(ဃ) လမ်းနယ်နိမိတ်အတွင်း လမ်း၊ တံတားနှင့် မြေပြင်အနေအထားကို ပြောင်းလဲစေရန် သို့မဟုတ် ပျက်စီးစေရန် ပြုလုပ်ခြင်း၊
( င ) လမ်း နယ်နိမိတ်အတွင်း ကြော်ငြာဆိုင်းဘုတ် စိုက်ထူခြင်း။
၁၅။ မည်သူမဆို အောက်ပါပြုလုပ်မှု တစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်း ခံရလျှင် ထိုသူကို သုံးလအထိ ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ကျပ် တစ်သောင်းမှ အများဆုံး ကျပ် တစ်သိန်းအထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည့်အပြင် ကျေးလက်လမ်း ပျက်စီးဆုံးရှုံးမှုရှိပါက ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို ပေးလျော်စေရမည် -
(က) ကျေးလက်လမ်းများ ပျက်စီးခြင်းမှ ကာကွယ်ရန် သတ်မှတ်ထုတ်ပြန်ထားသည့် တားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ခြင်း၊
( ခ ) ကျေးလက်လမ်းများပေါ်တွင် လှည်း သို့မဟုတ် တိရစ္ဆာန်များ ဖြတ်သန်းသွားလာခြင်း သို့မဟုတ် ရပ်နားခြင်းနှင့် စပ်လျဉ်း၍ သတ်မှတ်ထားသည့် စည်းကမ်းချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ခြင်း၊
( ဂ ) ကျေးလက်လမ်းပေါ်တွင် သွားလာမှုကို အနှောင့်အယှက် ဖြစ်စေနိုင်သည့် သို့မဟုတ် ဘေးအန္တရာယ် ဖြစ်စေနိုင်သည့် ပစ္စည်းကို တမင်ထားရှိခြင်း။
၁၆။ မည်သူမဆို တရားရုံးကချမှတ်သော လျော်ကြေးငွေကို ဦးစီးဌာနသို့ ပေးဆောင်ရန် သို့မဟုတ် ကျေးလက်လမ်းကို မူလအနေအထားအတိုင်း ပြန်လည်ပြုပြင်ပေးရန် ပျက်ကွက်ပါက ထိုသူကို အနည်းဆုံး ခြောက်လမှ အများဆုံး တစ်နှစ်အထိ ထောင်ဒဏ် ချမှတ်ရမည်။
အခန်း( ၈ )
အထွေထွေ
၁၇။ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်း တစ်ခုခုသည် မိမိဌာနအဖွဲ့အစည်း၏ လုပ်ငန်းလိုအပ်ချက်အရ ကျေးလက်လမ်းကို ဖြတ်သန်း၍ လုပ်ငန်းဆောင်ရွက်လိုပါက ဝန်ကြီးဌာနနှင့် ကြိုတင်ညှိနှိုင်း၍ ဝန်ကြီးဌာန၏ ခွင့်ပြုချက်ကို ရယူရမည်။
၁၈။ ဝန်ကြီးဌာနသည် ကျေးလက်လမ်းများ၏ နယ်နိမိတ်ကို သတ်မှတ်ရာတွင် ကျေးရွာ အတွင်းရှိ လူနေအိမ်အဆောက်အဦများ၏ တည်ရှိမှု၊ တည်ဆောက်ပြီးစီးခဲ့သည့် အချိန်ကာလ၊ ဒေသဆိုင်ရာဖွံ့ဖြိုးမှု၊ နောင်တွင်ဖြစ်ပေါ်လာနိုင်သည့် မြို့ပြနှင့် ကျေးလက်ဖွံ့ဖြိုးတိုးတက်မှု၊ အခြား တည်ဆဲမြို့ပြနှင့် ကျေးလက်ဒေသဆိုင်ရာ ဥပဒေများ၏ အကျိုးသက်ရောက်မှုတို့ကိုပါ ထည့်သွင်း စဉ်းစား၍ သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့် ညှိနှိုင်းသတ်မှတ်ရမည်။
၁၉။ ဝန်ကြီးဌာနသည် ကျေးလက်လမ်းနှင့် တံတားအသုံးပြုခကောက်ခံခြင်းကို လမ်းနှင့်တံတား အသုံးပြုခြင်းဆိုင်ရာ ဥပဒေနှင့်အညီ ဆောင်ရွက်ရမည်။
၂၀။ ဤဥပဒေပါ ပြစ်မှုများကို ရဲအရေးယူပိုင်ခွင့်ရှိသော ပြစ်မှုများအဖြစ် သတ်မှတ်သည်။
၂၁။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် -
(က) ဝန်ကြီးဌာနသည် နည်းဥပဒေများ၊ စည်းမျဉ်းနှင့်စည်းကမ်းများကို အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်နိုင်သည်။
( ခ ) ဝန်ကြီးဌာနနှင့် ဦးစီးဌာနသည် အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်။
Etiquette and Values of DRRD
ပြည်သူ့အကျိုးကို အစဉ်ရှေးရှု၍ ဝန်ဆောင်မှုပေးခြင်း၊
People-oriented Service Delivery
စိတ်ဓါတ်၊ စည်းကမ်းကောင်းမွန်၍ စည်းလုံးညီညွတ်ခြင်း၊
Civility, Discipline and Unity
ပွင့်လင်းမြင်သာ၍ တာဝန်ခံမှုရှိခြင်း၊
Transparency and Accountability
အင်ဂျင်နီယာကျင့်ဝတ်နှင့် လုပ်ငန်းစဉ်များကိုလိုက်နာခြင်း၊
Compliance with Engineering Ethics and Principles
ဥပဒေ၊ နည်းဥပဒေနှင့်လုပ်ထုံးလုပ်နည်းများကိုလိုက်နာခြင်း၊
Conformity to Rules, Regulations and Procedures
ကျေးလက်လမ်း၊ တံတားများ ရေရှည်တည်တံအောင်ဆောင်ရွက်ခြင်း။
Sustainability of Rural Roads and Bridges
ရုံးစုစုပေါင်း
0
အရာထမ်း
0
အမှုထမ်း
0
နေ့စားဝန်ထမ်း
0
📰 နောက်ဆုံးရသတင်းများ
ဘုတ်ပြင်းမြို့နယ် ကွန်ကရစ်တံတား တည်ဆောက်ခြင်း ကြည့်ရှုစစ်ဆေး
ရုံးလုပ်ထုံးလုပ်နည်းနှင့် စီမံအုပ်ချုပ်ရေးဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းဆင်းပွဲအခမ်းအနားကျင်းပ
၂၀၂၅ - ၂၀၂၆ ဘဏ္ဍာရေးနှစ် ကယားပြည်နယ်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှုကို ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်) ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံ)မှကွင်းဆင်းစစ်ဆေး
ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဝန်ထမ်များအား ဆန်အိတ်များထောက်ပံ့ပေးအပ်ခြင်း အခမ်းအနား
မြစ်ကြီးနားမြို့နယ် နောင်းပုံ - ပိုးစာခြံ ကျေးရွာချင်းဆက်လမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး
တောင်ငူခရိုင်အတွင်းရှိ ကျေးလက်လမ်းများ ဆောင်ရွက်မှု ကွင်းဆင်းစစ်ဆေး
နောက်ဆုံးတင်ထားသောဗီဒီယိုများ
Movie List
ပြည်ထောင်စုနယ်မြေ နေပြည်တော် ကျေးလက်လမ်း...
လျှပ်တပြတ်ရိုက်ချက်
Released: Sep 24, 2025
ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ရှမ်းပြည်နယ်...
ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်နှင့် တာဝန်ရှိသူများ ရှမ်းပြည်နယ်တောင်ပိုင်...
Released: Sep 22, 2025
ကျည်တောင်-သာယာဝှမ်းရွှေပေါင်းလောင်းတံတား...
ကျည်တောင်-သာယာဝှမ်းရွှေပေါင်းလောင်းတံတား တည်ဆောက်ရေးလုပ်ငန်းအား ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန တံတာ...
Released: Sep 18, 2025
မောက်မယ်မြို့နယ်၌ မောက်မယ်-ရွာသစ်ကျေးရွာ...
မောက်မယ်မြို့နယ်၌ မောက်မယ်-ရွာသစ်ကျေးရွာလမ်းအား ကျောက်ချောလမ်းသို့ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းဆောင်ရ...
Released: Aug 18, 2025
ပြည်ထောင်စုနယ်မြေ နေပြည်တော် ကျေးလက်လမ်း...
လျှပ်တပြတ်ရိုက်ချက်
Released: Sep 24, 2025
ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ရှမ်းပြည်နယ်...
ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်နှင့် တာဝန်ရှိသူများ ရှမ်းပြည်နယ်တောင်ပိုင်...
Released: Sep 22, 2025
ကျည်တောင်-သာယာဝှမ်းရွှေပေါင်းလောင်းတံတား...
ကျည်တောင်-သာယာဝှမ်းရွှေပေါင်းလောင်းတံတား တည်ဆောက်ရေးလုပ်ငန်းအား ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန တံတာ...
Released: Sep 18, 2025
မောက်မယ်မြို့နယ်၌ မောက်မယ်-ရွာသစ်ကျေးရွာ...
မောက်မယ်မြို့နယ်၌ မောက်မယ်-ရွာသစ်ကျေးရွာလမ်းအား ကျောက်ချောလမ်းသို့ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းဆောင်ရ...
Released: Aug 18, 2025
📢 ကြေငြာချက်များ
ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန
စစ်ကိုင်းတိုင်းဒေသကြီး
စတင်သည့်ရက်: 25-07-2025
ပြီးဆုံးမည့်ရက်: 31-07-2025
Tender Info
တင်ဒါသက်တမ်း (178 ရက်ကျော်နေပါပြီ)
မွန်ပြည်နယ်
မွန်ပြည်နယ်တင်ဒါခေါ်ယူခြင်း
စတင်သည့်ရက်: 28-07-2025
ပြီးဆုံးမည့်ရက်: 02-08-2025
Tender Info
တင်ဒါသက်တမ်း (176 ရက်ကျော်နေပါပြီ)